
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီချိန်မှ နေ့လည်(၁၆:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဖားကပ်စံပြကျေးရွာ၊ ကော့လှိုက်ကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ ဒုံရင်းကျေးရွာ၊ ရဲသာရွာသစ်ကျေးရွာ၊ ကမော့ကစင်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာများ သိသာထင်ရှားသည့်နေရာများ၌ ကပ်ခြင်းနှင့် Mask များလည်းဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_dec2020