ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍လက်သန့်ဆေးရည်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် Covid 19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုနိုင် ရန်အတွက် Sanitizer 500 ml လက်သန့်ဆေးရည် ၄၀ ဘူးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2020

  • မြေစာပြိုကျမှုကြောင့်ဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် (၁၅-၁၂-၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ မြန်မာသူရကုမ္ပဏီ လုပ်ကွက်ဟောင်း၌ ဖြစ်ပွားခဲ့သော အမြင့်ပေ(၁၀၀)ကျော်ခန့်၊ အကျယ်(၂၀)ပေခန့်ရှိ မြေစာ ပြိုကျလာပြီး ကျင်းအောက်ခြေတွင် ရေမဆေးကျောက် ရှာဖွေတူးဖော်နေသူ(၅)ဦးတို့သည် မြေစာပြိုကျမှုကြောင့် ဒဏ်ရာရသူ(၂) ဦးနှင့် သေဆုံးသူ(၃) ဦးတို့အတွက် ဒဏ်ရာရသူ(၁) ဦးလျှင် (၅၀၀၀၀ိ)ကျပ်နှုန်းဖြင့် ဒဏ်ရာရသူ(၂) ဦးအတွက် ထောက်ပံ့ငွေ(၁၀၀,၀၀၀ိ/-) ကျပ်နှင့် သေဆုံးသူ(၁) ဦးလျှင် (၃၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် သေဆုံးသူ(၃) … Read more

  • Hand Sanitizer ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့တွင် Hand Sanitizer(500ml)(၂၀၀)ဘူးအား ရေနံချောင်းမြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၁၂-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၂:၀၀)နာရီအချိန်အထိ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျွန်းလှမြို့ပေါ်ရှိ (သစ်ရာမြိုင်၊ အင်ကြင်းမြိုင်၊ ပိတောက်မြိုင်၊ ပျဉ်းမမြိုင်) ရပ်ကွက်များမှ မိဘပြည်သူများအား COVID-19ရောဂါနှင်ပတ်သက်၍ ရောဂါကူးစက်ပြန့်နှံ့မှု ဆက်လက် မဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်ပြီး ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်၊၊ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • Covid-19 နှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၁၂.၂၀၂၀)ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ (၁)ရပ်ကွက်၊ (၂)ရပ်ကွက်၊ (၃)ရပ်ကွက်၊ မြေဇွန်းကျေးရွာ၊ ဖောင်းကတာ‌ကျေးရွာ၊ လယ်တီကျေးရွာ၊ ရွှေလှေကျေးရွာ၊ ‌ထန်တောကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ၊ ဖောင်းကားကျေးရွာ၊ ဝါးတန်းကျေးရွာများတွင် COID-19ရောဂါနှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ သဘာ၀ဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာရှိ COVID – 19 ရောဂါကူးစက်ခံရသည့် အစောင့်အရှောက်ခံ သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေးပေးအပ်

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာရှိ COVID – 19  ရောဂါကူးစက် ခံရသည့် အစောင့်အရှောက်ခံ သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် သန်လျင်မြို့၊ သဘာဝတရားရိပ်သာ ဦးစီးပဓါန နာယကဆရာတော် ဦးဥတ္တမသာရက ဩဝါဒစကား မြွက်ကြားခဲ့ပါသည်။ ဆက်လက်ပြီး လူမှုဝန်ထမ်း၊  ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအတွက် လူ့အခွင့်အရေးများ တန်းတူညီမျှရရှိရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံတကာနှင့် ဒေသတွင်းစံနှုန်းတို့ကို အခြေခံ၍ အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဥပဒေနှင့်အညီ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများ ကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် သက်ကြီးရွယ်အို များဆိုင်ရာကော်မတီတို့ကို အဆင့်ဆင့်ဖွဲ့စည်းပြီး သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံရေးကို အထောက်အကူ ပြုနိုင်ရန် အမျိုးသားလူမှုရေးပင်စင်အစီအစဉ်ကိုလည်း ၂၀၁၇ – ၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ကတည်းက စတင်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လက်ရှိဖြစ်ပွား နေသည့် COVID – 19 ကပ်ရောဂါ အရေးပေါ်အခြေအနေတွင် ထိခိုက်လွယ်အခြေ အနေတွင်ရှိသော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် COVID – 19 ကာကွယ်ရေးပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်တို့ကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သက်ကြီးရွယ်အိုများအကြား COVID … Read more