မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၂၁) ရက်နေ့ (၁၃:၃၅) နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ( ၈,၄၀၀/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-) ကျပ်၊ သေဆုံးကလေး(၂) ဦးအတွက်ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၀၈,၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာနှင့် Surgical mask (၈) ခုတို့အား (၄-၁-၂၀၂၁) ရက်နေ့၊ (၁၂:၀၅) နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခြင်းနှင့် မီးဘေး၊ ငလျင်ဘေးအသိပညာပေးလက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir
#sgg_Jan2021
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events