ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အဦ ဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုမှုသတင်း

    ဇန်နဝါရီလ ၅ ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ မွန်းလွဲပိုင်း၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်တွင် တည်ဆောက် ထားသော ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဖွင့်လှစ်နိုင်ရေး နှင့် ပြုစုစောင့်ရှောက်ပေးရမည့် ကလေးငယ်များအား COVID – 19 စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လွှဲပြောင်း လက်ခံနိုင်ရေး ကြိုတင် ဆောင်ရွက်ထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည်  ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ … Read more

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁-၂၀၂၁) ရက်နေ့တွင်၊ တောင်တွင်းကြီးမြို့နယ်၊ ကင်ပွန်းတောင်ကျေးရွာအုပ်စု၊ သပြေပင် ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၀,၅၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု (၁) စုစာတို့အား (၅-၁-၂၀၂၁) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁-၂၀၂၁) ရက်နေ့၊ (၂၀:၃၀) နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ကျခတ်ငူ ကျေးရွာအုပ်စု ရာဘာခြံလမ်း၌  မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) ကျပ်နှင့်လူဦးရေ စုစုပေါင်း(၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀ဝ/-) ကျပ်အား လည်းကောင်းလုံးဝပျက်စီးလူနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တန်ဖိုး ငွေ (၄၆,၀၃၆/-) ကျပ်အားလည်းကောင်း (၅-၁-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်ခန့်တွင် … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာအုပ်စု၊ ကျောင်းလမ်း သွယ်(၂)လမ်းတွင် (၃-၁-၂၀၂၁)ရက်နေ့ (၀၇း၅၇)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၈)ဦးတို့မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စုစာတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၅-၁-၂၀၂၁)ရက်နေ့ (၁၂း၀၀)နာရီအချိန်၌ သွားရောက်ထောက်ပံ့ခဲ့ … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ကြာကန်ကျေးရွာ(မြောက်ပိုင်း)ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင်စု(၁၁၄) စု၊ လူဦးရေ (၅၅၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၅- ၁-၂၀၂၁) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ) #ha_drg #mgy_jan2021

  • မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၂၁) နေ့၊ (၁၀:၃၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အများပြည်သူ သိရှိနားလည်စေရန်အတွက် မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား ဗန်းမော်မြို့၊ ဟန်းတဲရက်ကွက်၊ ဗန်းမော် မံစီကားလမ်းဘေး၌ စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #kcn_jan2021