လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင်မြင်းမူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ ဝေးခန်းမ၌ မြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ရေသန့် ဆေးရည် (၂၄၀) ထုပ်ပါ (၃) ဖာ၊ လက်သန့်ဆေးရည် (၅၀) ဘူးထောက်ပံ့လှူဒါန်းခြင်းနှင့် မြို့နယ်အတွက်မီးဘေး၊ ငလျင်ဘေး သဘာဝဘေးလက်ကမ်းစာစောင်များ ပေးအပ်မှုတွင် လွှတ်တော်ကိုယ်စားလှယ်များမှ လက်ခံရယူခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_Jan2021
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)