ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Cyclone Shelter (၁၀၀%) တည်ဆောက်ပြီးစီးမှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြိတ်ခရိုင်ရုံးနှင့် တနင်္သာရီ မြို့နယ်ရုံးများမှ တာဝန်ရှိသူများသည် (၃-၁-၂၀၂၁) ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာတွင် တည်ဆောက်လျက်ရှိသော Cyclone Shelter (၁၀၀%) ပြီးစီးမှုကို သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #infra_dev #tny_jan2021

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁.၂၀၂၁)နေ့၊ (၁၆:၂၀)နာရီ တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အများပြည်သူ သိရှိနားလည် စေရန်အတွက် မီးဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်အား စစ်တွေမြို့၊ မေယုလမ်း၊ မီးစက်ကြီးအဝိုင်း (ဘိုးဘွားရိပ်သာ)အနီး၌ စိုက်ထူးပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #rke_jan2021 Source:  စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ပြန်လည်သုံးသပ်ခြင်း၊ မြန်မာ့လူမှုကာကွယ် စောင့်ရှောက်ရေးအထောက်အပံ့ဥပဒေ (မူကြမ်း) ရေးဆွဲခြင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများအပေါ်အကြံပြု ညှိနှိုင်း ဆွေးနွေးမှုသတင်း

    ဇန်နဝါရီလ ၊ ၂ ရက်နေ့၊ ၂၀၂၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ပြန်လည်သုံးသပ်ခြင်း၊ မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ (မူကြမ်း)ရေးဆွဲထားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများအပေါ် အကြံပြုဆွေးနွေးညှိနှိုင်းမှုများကို Virtual Meeting ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်‌ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်မှ (၁၇:၀၀)နာရီအချိန်အထိ ကသာမြို့‌ပေါ်ရှိရပ်ကွက်များတွင် Covid -19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား ပြည်သူလူထုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ သာစည်ရပ်ကွက်တွင် (၁-၂-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ(၂၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိူးတို့အား (၂-၁-၂၀၂၁)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #kcn_jan2021

  • ဆပ်ပြာခဲလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁-၂၀၂၁) ရက်နေ့၊ (၁၂:၃၀) အချိန်တွင် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ ကျောက်တစ်လုံး IDP စခန်းတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ဆပ်ပြာ(၃)လစာ (သြဂုတ်၊စက်တင်ဘာ၊အောက်တိုဘာ) (၃၀၃၀) တောင့်အား စခန်းစီမံခန့်ခွဲမှုကော်မတီဝင် များထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_jan2021