လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁၂-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ မိုးကြိုးဘေး မုန်တိုင်းဘေး ဆူနာမီဘေးများနှင့်စပ်လျဉ်းသည့် (၉x၆)ပေ အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အသစ်များ လဲလှယ်တပ်ဆင်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)