
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၂၁) ရက်နေ့တွင် KBZ(Covid-19) စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ရှမ်းတောင်ပရဟိတကွန်ရက်၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ နမ်ဆန်မြို့နယ်၊ ခိုလမ်မြို့၊ ဝမ်စိမ်းကျေးရွာ၊ ဝမ်စိမ်းဘဝသစ်အားမာန်(မျက်မမြင်ကျောင်း)သို့ ရောက်ရှိပြီး ဦးစီးဌာနမှ စတီးလက်ဆေးဘေစင်(၃)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါလက်သန့်ဆေးရည်များ၊ (၃၀၀၀)g ပါ Sue Sat ဆပ်ပြာမှုန့်ထုပ်များ၊ ကြွေဆေးရည်ဘူးများ၊ (Dettol) ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များ၊ အပူချိန်တိုင်းကိရိယာအားလည်းကောင်း၊ KBZ(စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ရှမ်းတောင်ပရဟိတကွန်ရက်နှင့် လူမှုကူညီရေးအသင်းအဖွဲ့မှ စားသောက်ကုန်များ၊ မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအဝတ် အထည်များနှင့် အလှူငွေများအားလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီးထံသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#shn_jan2021