Latest News
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာနှင့် ပျဉ်းမနား ဘိုးဘွားရိပ်သာများသို့ ထောက်ပံ့ကြေးများပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခြင်း
မတ် ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာနှင့် ပျဉ်းမနားဘိုးဘွားရိပ်သာတို့သို့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင် တက်ရောက်၍ အမှာစကားပြောကြားသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ကာကွယ်စောင့်ရှောက်ရမည့်အုပ်စုများဖြစ် သည့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းများအတွက် လူမှုကာကွယ် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ (၂၂-၃-၂၀၂၁ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၅) လုံး၊ အမိုးလန်နေအိမ် (၆၈) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၄,၂၂၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၃၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၀၇,၇၀၀/-) ကျပ်တို့အား (၂၅-၃-၂၀၂၁) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_mar2021 … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသို့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား ရှင်းလင်း တင်ပြခြင်း
မတ်လ(၁၈)ရက်နေ့၊ နေပြည်တော် ၂၀၂၁ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာ ကွယ်ရေးဥပဒေ (မူကြမ်း) အား ရှင်းလင်းတင်ပြသည့်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်
မတ် ၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ကာလရှည်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင် လျက်ရှိသော လူမှုအသိုက်အဝန်းအားလုံး အကျိုးဖြစ်ထွန်း စေရေးအတွက် အစိုးရအဆက်ဆက် ဖြေရှင်း ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော … Read more
-
မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ပထမ (၅) နှစ် မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၂ နှင့် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ ဗဟိုအဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
နေပြည်တော်၊ မတ်လ (၁၅) ရက်၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ပထမ (၅)နှစ် မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၂ နှင့် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ ဗဟိုအဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကို ယနေ့၊နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၂၁) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ပိုင်ကမာကျေးရွာနှင့် ကျိုက်ရွဲကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်နှင့် COVID-19 ကူးစက် ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









