မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ပထမ (၅) နှစ် မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၂ နှင့် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ ဗဟိုအဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ မတ်လ (၁၅) ရက်၊

          မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ပထမ (၅)နှစ် မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၂ နှင့် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ ဗဟိုအဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကို ယနေ့၊နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက် ကြသည်။

ရှေးဦးစွွာ ပြည်ထောင်စုဝန်ကြီးက ရှေးဦးဘဝ ကလေးသူငယ်ဖွံ့ဖြိုးရေးသည် အလွန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကလေးသူငယ်၏ဦးနှောက်ဖွံ့ဖြိုးရေးသည် ကလေးဘဝအစ ရက် (၁၀၀၀) ကာလအတွင်းကစ၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မှသာ ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် စိတ်ချရမှာ ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မူဝါဒ၊ မဟာဗျူဟာများ ချမှတ်၍ ဆောင်ရွက်နေတာ တွေ့ရှိရပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းမှာ မိခင်ဝမ်းတွင်းမှ ကလေးအသက်(၈)နှစ်အထိအကျုံးဝင်ပါ၍ ကလေး သူငယ်များ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းအားကဏ္ဍစုံမှ ပူးပေါင်းအကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်း၊ ကျောင်းများဖွင့်လှစ်ခွင့်ရသည့် အချိန်တွင် မူကြိုကျောင်းများ၊ မိခင်ဝိုင်းများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများသည် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ် သည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ကလေးများဖွံ့ဖြိုးစေရန်ရှေးဦး ရက်(၁၀၀၀)အတွင်း ပြုစုပျိုး ထောင်မှုများက အရေးကြီးပါကြောင်း၊ မူလတန်းကြိုအရွယ်ကလေးများ မူလတန်း ကြိုကျောင်း တက်ရောက်မှုမြင့်မားရန်လိုအပ်ပါကြောင်း၊ ကျောင်းတက်နှုန်းမြင့်မားစေရန် တိုးချဲ့နိုင်သည့် နည်းလမ်းများစဉ်းစားစေလိုပါကြောင်း၊ မူလတန်း ကြိုကျောင်းများ၏ အရေအတွက် တိုးချဲ့ရန် သာမက အရည်အသွေးရှိသည့်မူလတန်းပညာရေးဖြစ်စေရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ (မူကြမ်း)၊ အမျိုးသားအဆင့်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်ရေး အဖွဲ့ဖွဲ့စည်းထားရှိမှု၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ပထမ(၅)နှစ် မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၂ နှင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ထိုသို့ရှင်းလင်းတင်ပြပြီးနောက် မူလတန်းကြိုကျောင်းများအား ပြန်လည်ဖွင့်လှစ်ခွင့် ရရှိသည့် အချိန်ရောက်ပါက မူလတန်းကြိုကျောင်းများ အဆင်သင့်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည့် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒပါလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား မှာကြား လမ်းညွှန်ခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးရှိ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုခြင်း၊ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးမိတ်ဆက်စကားပြောခြင်းများ၊  ဝန်ထမ်းများ၏ လိုအပ်ချက်များ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးရှိ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ၌ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေ များ အား ကြည့်ရှုကာလိုအပ်ချက်များကို လမ်းညွန်မှာကြားခြင်း RC နှစ်ထပ် ရုံးအဆောက်အဦအသစ် ဆောက်လုပ်နေမှုအခြေအနေများ၊ ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိသော မွေးစမှ အသက်(၁၀)နှစ်အထိ  ကလေးငယ်များကို လက်ခံစောင့်ရှောက်ပေးလျက် ရှိသည့် လူဦးရေ(၁၀၀)ဆံ့ နေပြည်တော် ကလေးပြုစုရေးဌာနသို့ ရောက်ရှိခဲ့ပြီး ကလေးငယ်များကိုပြုစု စောင့်ရှောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုခြင်း၊ အဆောက်အဦအတွင်းရှိ အခန်းများ နေရာချထားမှု၊ ကလေးထားရှိမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြမှုများကို နားထောင်၍ ဆွေးနွေးမေးမြန်းခြင်း၊ ကျောင်းအတွင်း လိုက်လံကြည့်ရှုခြင်းများ ဆောင်ရွက်ကာ၊ လိုအပ်သည်များနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများအား မှာကြားခဲ့ပြီး လက်ခံစောင့်ရှောက် ထားသည့်ကလေးငယ်များအား ကစားစရာအရုပ်လက်ဆောင်ပစ္စည်းများနှင့် မုန့်များကို ပေးဝေခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရီ မြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော နန်းထိုက်ရတနာ မူလတန်းကြို ကျောင်းသို့ရောက်ရှိကြရာ မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး တာဝန်ခံကျောင်းအုပ်နှင့် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_mar2021

Source:MOSWRR

Sign Up

Upcoming Events