ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေးဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကညင်ဂဲကျေးရွာအုပ်စု၊ ကျုံတုံးဝကျေးရွာနှင့် မြေတံတားကျေးရွာတို့တွင် (၆.၅.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၃၀၀၀၀ဝိ/_)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၄၀၀၀ဝိ/_)၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ (၃၀)ဦးတို့အတွက် ဆန်ရိက္ခာရန်ပငွေ (၆၃၀၀ဝိ/_)၊ စုစုပေါင်းရန်ပုံငွေ (၅၀၃၀၀ဝိ/_)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၃)ပုံးတို့အား (၁၀.၅.၂၀၂၁)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_may2021

  • လေးဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၁) ရက်နေ့(၁၃:၀၀)နာရီ အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ဖြူဘကျေးရွာအုပ်စု အကွက်(၅)နယ်မြေတွင် လေပြင်းတိုက်ခတ် မှုကြောင့် အမိုးလန်ခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ) ကျပ် နှင့်လူဦးရေ စုစုပေါင်း(၄)ဦးတို့အတွက် (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၉၈,၄၀ဝ)ကျပ်အား (၇-၅-၂၀၂၁) ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင် ဖြူဘကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ မိုးဦးကာလတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခြင်းနှင့် မြင်သာမြို့ဦးပရဟိတဂေဟာ အတွက် ထောက်ပံ့ခြင်း

    ရန်ကုန် ၉-၅-၂၀၂၁ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၉-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦး ပရဟိတဂေဟာသို့ရောက်ရှိပြီး အဆိုပါကျောင်းတိုက်ရှိ ဆရာတော် ဦးပညာစာရ ထံသို့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ အဆိုပါပရဟိတဂေဟာတွင် လက်ခံစောင့်ရှောက်ထားသော ကလေး (၃၇၁)ဦးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ဝန်ကြီးဌာန၏ ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာ ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၅၄၈.၉၇)သိန်းကို ဆရာတော်ထံထောက်ပံ့လှူဒါန်းခြင်း နှင့်ပရဟိတဂေဟာအတွင်း ကလေးများ စာပေ၊ ဂီတ၊ … Read more

  • လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်းများဆောင်ရွက်

     ရန်ကုန် ၈-၅-၂၀၂၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် လေဘေး သင့်ပြည်သူများ အတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ၈-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဦးလှစိုး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊  ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ် … Read more

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကြိုးကြာကွင်းအုပ်စု၊ ကျေးရွာခွဲ(၁၈) ရွာတို့တွင် (၆-၅-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးအိမ်ခြေ သစ်(၁)၊ ဝါး (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း (၁၉၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၈) မျိုးပါ (၁၈) အိမ်ထောင်စုစာအား (၈-၅-၂၀၂၁) နေ့ (၁၁:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဧရာတီတိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၁) ရက်နေ့တွင် ရေဦးမြို့နယ်အတွင်း  ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုတို့မှ ပြိုကျပျက်စီး လူနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ် ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝ/-)၊ အမိုးအကာပျက်စီး လူနေအိမ်(၈၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး (၂၄၄၅၀၀ဝ/-)နှင့် စုစုပေါင်းအိမ်ထောင်စု(၈၃)စုမှ လူဦးရေ (၃၄၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇၂၀၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၆၅၃၀ဝ/-)ကို (၆-၅-၂၀၂၁)ရက်နေ့တွင် မြို့နယ် ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း … Read more