လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၁) ရက်နေ့တွင် ရေဦးမြို့နယ်အတွင်း  ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုတို့မှ ပြိုကျပျက်စီး လူနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ် ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝ/-)၊ အမိုးအကာပျက်စီး လူနေအိမ်(၈၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး (၂၄၄၅၀၀ဝ/-)နှင့် စုစုပေါင်းအိမ်ထောင်စု(၈၃)စုမှ လူဦးရေ (၃၄၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇၂၀၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၆၅၃၀ဝ/-)ကို (၆-၅-၂၀၂၁)ရက်နေ့တွင် မြို့နယ် ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_may2021

Source:  ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events