လေးဘေးသင့် ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၁) ရက်နေ့(၁၃:၀၀)နာရီ အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ဖြူဘကျေးရွာအုပ်စု အကွက်(၅)နယ်မြေတွင် လေပြင်းတိုက်ခတ် မှုကြောင့် အမိုးလန်ခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ) ကျပ် နှင့်လူဦးရေ စုစုပေါင်း(၄)ဦးတို့အတွက် (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၉၈,၄၀ဝ)ကျပ်အား (၇-၅-၂၀၂၁) ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင် ဖြူဘကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mon_may2021

Sign Up

Upcoming Events