လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ မိုးဦးကာလတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခြင်းနှင့် မြင်သာမြို့ဦးပရဟိတဂေဟာ အတွက် ထောက်ပံ့ခြင်း


ရန်ကုန် ၉-၅-၂၀၂၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၉-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦး ပရဟိတဂေဟာသို့ရောက်ရှိပြီး အဆိုပါကျောင်းတိုက်ရှိ ဆရာတော် ဦးပညာစာရ ထံသို့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ အဆိုပါပရဟိတဂေဟာတွင် လက်ခံစောင့်ရှောက်ထားသော ကလေး (၃၇၁)ဦးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ဝန်ကြီးဌာန၏ ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာ ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၅၄၈.၉၇)သိန်းကို ဆရာတော်ထံထောက်ပံ့လှူဒါန်းခြင်း နှင့်ပရဟိတဂေဟာအတွင်း ကလေးများ စာပေ၊ ဂီတ၊ ရသ၊ ကွန်ပျူတာ သင်ကြား နိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင် ရုံ(ရန်ကုန်)သို့ရောက်ရှိခဲ့ပြီး မိုးကြိုကာလနှင့် မိုးဦးကာလတွင် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဖြန့်ခွဲထောက်ပံ့နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် သိုလှောင်ရုံတာဝန်ခံက ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)တွင် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု (၁၅၀၀၀)စာ၊ ဒေသဖွံ့ဖြိုး ရေးသုံးပစ္စည်းများနှင့် အလှူပစ္စည်းများ၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး သိုလှောင်ရုံတွင် ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု (၅၀၀၀)စုစာ သိုလှောင် ထားရှိပါကြောင်း၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)မှ အောက်မြန်မာပြည်ရှိ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ် သိုလှောင်ရုံ စုစုပေါင်း (၅၀)ခုသို့ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းကို အဓိကပေးပို့ဖြည့်တင်းလျက်ရှိပြီး ကျန်တိုင်း ဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်သိုလှောင်ရုံများသို့လည်း အရေးပေါ်အခြေ အနေနှင့်လိုအပ်ချက်ရှိမှုအပေါ်မူတည်၍ ပေးပို့ဖြည့်တင်းလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဗဟိုသိုလှောင်ရုံ(ရန်ကုန်)သည် အောက်မြန်မာပြည်အတွက် ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိရာ ပင်မသိုလှောင်ရုံဖြစ်ပြီး ပင်လယ်ဆိပ်ကမ်းရှိသည့်အတွက် ပြည်တွင်းရှိ အခြား သိုလှောင်ရုံများအတွက် ပစ္စည်းများဖြန့်ခွဲပေးနိုင်သည့်အဓိကနေရာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းသည် မြစ်ချောင်းများပေါများခြင်း၊ ပင်လယ်ကမ်းရိုးတန်း များရှိနေခြင်းကြောင့် သဘာဝဘေးအန္တရာယ်ပိုမိုကျရောက်နိုင်ပြီး လူနေပိုမို ထူထပ်ပါကြောင်း၊ ယခုကာလသည် မေလဆန်းပိုင်းသို့ရောက်ရှိနေပြီး အနောက် တောင်မုတ်သုန်လေ စတင်ဝင်ရောက်လာပါက မိုးရာသီသို့ ရောက်ရှိတော့မည် ဖြစ်၍ ရာသီအလိုက်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာပါက အသင့်ဖြစ်စေရန် နိုးနိုးကြားကြားဖြင့် ကြိုတင်ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဘေးသတင်းများကို အချိန်နှင့်တပြေးညီသိရှိနိုင်ပြီး ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် ကြရန် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများအား လမ်းညွှန်ထားရှိပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများကို ဘေးဖြစ်ပွားရာဒေသများသို့ အချိန်မီ ဖြန့်ခွဲထောက်ပံ့ နိုင်ရေးအတွက် လူ၊ စက်၊ ယာဉ်ယန္တရားများစုဖွဲ့နိုင်ရေး ကြိုတင်စီမံဆောင်ရွက် ထားရမည်ဖြစ်ကြောင်း စသည်ဖြင့်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး သိုလှောင်ရုံမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများက ဗဟိုသိုလှောင်ရုံရှိဂိုဒေါင်များအတွင်း ကယ်ဆယ်ရေး ပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဗဟိုသိုလှောင်ရုံ (ရန်ကုန်)အပါအဝင် သိုလှောင်ရုံများတွင် Inventory Management စနစ်ကို Software အသုံးပြု၍ဆောင်ရွက်နိုင်ပါက အချက်အလက်များ ပိုမိုမြန်ဆန် မှန်ကန်စွာသိရှိနိုင်ခြင်း၊ လူအင်အားနည်းနည်းဖြင့် ဆောင်ရွက်နိုင်ပြီး အချိန်ကုန် သက်သာခြင်း၊ ပစ္စည်းများလက်ခံဖြန့်ဖြူးရာတွင် ပိုမိုလွယ်ကူချောမွေ့ခြင်း၊ ပစ္စည်း များလေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ နိုင်သည့်အတွက် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#hl2

#ygn_may2021

Source: MOSWRR

Sign Up

Upcoming Events