Latest News
-
COVID-19 ကူးစက်ရောဂါနှင့် ရာသီကာလအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သာမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၁) ရက်နေ့တွင် တောင်သာမြို့နယ်ရှိ အမှတ်(၁)ဘုရာကြီးအနောက်၊ အမှတ်(၃)တန်းမြင့်ကျောင်း၊ အမှတ်(၄) ဈေးရပ်ကွက်၊ အမှတ်(၅)ဘူတာကုန်း၊ အမှတ်(၆)မင်းစု၊ အိုးဘိုကျေးရွာအုပ်စုတွင် အိုးဘို၊ မြေဖြူကုန်း၊ ထန်းတော၊ သပြေပင်၊ ချောင်းနား၊ တမန်ကြီး၊ နန်းမြင့်ကျေးရွာအုပ်စုတွင် နန်းမြင့်၊ ကံဆင့်ကျေးရွာအုပ်စုတွင် ကံဆင့်၊ ဘုရားလှကျေးရွာအုပ်စုတွင် ဘုရားလှ၊ ဆယ်ကုန်းကျေးရွာအုပ်စုတွင် ဆယ်ကုန်း၊ ပေါင်း ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)စုနှင့် ကျေးရွာ(၁၀)ရွာသို့ COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ တောင်သာမြို့နယ် ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုနှင့် ကျေးရွာများသို့ (၁၃-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mdy_aug2021
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၈-၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လားရှိုးမြို့နေပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာအသုံးပြုသောလမ်းများ၊ ရပ်ကွက်များသို့လှည့်လည်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသော အသိပညာပေးချက်များကို မြန်မာဘာသာဖြင့်လည်းကောင်း၊ ကချင်ဘာသာဖြင့်လည်းကောင်း ဖတ်ကြား၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၈-၂၀၂၁) ရက်နေ့တွင် (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီ အဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလိုက်နာရမည့် စည်းကမ်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်း (Mask Camping)နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးစာစောင်များ(မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ လျှပ်စီးဘေး)ဖြန့်ဝေခြင်းတို့ကို ဆောက်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၈-၂၀၂၁) ရက်နေ့တွင် (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကသာမြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်း ချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်း (Mask Camping)နှင့် သဘာဝဘေး အန္တရာယ်အသိပညာပေးစာစောင်များ(မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ လျှပ်စီးဘေး) ဖြန့်ဝေခြင်း တို့အား ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ကသာခရိုင်ဦးစီးမှူးရုံး … Read more
-
မူးချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ တွန်နိမ်ကျေးရွာတွင် (၈-၈-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော မူးချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်တစ်လုံးမှ ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးအတွက် အဝတ်Mask(၁၂)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀၀/-)ကျပ်အား (၉-၈-၂၀၂၁) ရက် နေ့ (၁၄း၀၀) နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_aug2021 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး









