ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၂၁)ရက်နေ့၌ ထားဝယ်မြို့နယ်၊ ဆန်းချီမြို့သစ်ရပ်ကွက်၊ ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဇမ္ဗူသီရိပရဟိတအသင်းသို့ mask နှင့် hand gel ဘူးများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၈-၂၀၂၁) ရက်နေ့၌ သရက်​​ချောင်း​မြို့နယ်၊ ပိန်းတောကျေးရွာ၊ ကဇိကျေးရွာနှင့် မဲနယ်အိုးကျေးရွာတို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကူးစက်မှုများ မဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက် သည့်ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းတို့ကို မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2021 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးခြင်း သတိပေးချက်

    ========================================= (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်၊ (၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ———————————————————————–    ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~     သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • ရေဘေးအန္တရာယ်နှင့် Covid 19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၁)ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု၊ ကျောက်စံကျေးရွာ၊ မယ်ဘေ့ကုန်းကျေးရွာ အုပ်စု၊ မယ်ဘေ့ကုန်းကျေးရွာ၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာနှင့် လက်ပံတောကျေးရွာများသို့ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့်ပတ်သက် ၍ ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများနှင့် Covid 19 အသိပညာပေးလုပ်ငန်းများ … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    =================================== (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်၊ (၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်  တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေ သည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်တွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၈-၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လားရှိုးမြို့နေပြည်သူများ COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာအသုံးပြုသောလမ်းများ၊ ရပ်ကွက်များသို့ လှည့်လည်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသော အသိပညာပေးစာများကို ​​မြန်မာဘာသာဖြင့်လည်းကောင်း၊ “ဝ”ဘာသာဖြင့်လည်း​ကောင်း ဖတ်ကြားနှိုးဆော်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား လားရှိုးမြို့အဝင်၌ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)