ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့ (၀၈:၀၀)နာရီအချိန်တွင် မြောက်ဦးမြို့နယ် ညောင်ပင်လယ်(ကလပ) ကျေးရွာအုပ်စု၊ ညောင်ပင် လယ်(ကလပ)ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့် လုံးဝပျက်စီးလူနေ အိမ်(၇)လုံး (သွပ်၊ ဓနိမိုး၊ ပျဥ်၊ ဝါးခင်း၊ ဝါးကာ)အတွက်  (၁)လုံးလျှင် (၁၀၀,၀၀၀-/)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀-/)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၁) လုံး(သွပ်၊ ဓနိမိုး၊ ပျဥ်၊ ဝါးခင်း၊ ဝါးကာ)အတွက်  (၁)လုံးလျှင်(၅၀,၀၀၀-/)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅၀,၀၀၀)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၈)စုမှ လူဦးရေ (၇၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၅၁,၂၀၀-/)ကျပ်၊ စုစုပေါင်း … Read more

  • လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့ (၀၃:၅၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ ဘုရားများကျေးရွာအုပ်စု ဘုရားများကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးလူနေအိမ်(၂)လုံး(သွပ်/ဓနိမိုး / ဓနိ / ဝါးကာ / ဝါးခင်း) တို့အတွက်  (၁)လုံးလျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၆,၈၀၀) ကျပ်၊  တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၂၁)ရက်နေ့ (၀၃း၀၀) နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် ကျုံပါကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့ငွေ(၆၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေစုစုပေါင်း(၆)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေထောက်ပံ့ငွေ(၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂,၆၀၀/-)ကျပ်အား(၉-၈-၂၀၂၁)ရက်နေ့ (၁၂း၃၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug2021  

  • ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့မှ (၇-၈-၂၀၂၁) ရက်နေ့အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ် ကျေးရွာအုပ်စုတွင် ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၂)ခုသို့ ရွှေ့ပြောင်းခဲ့ရသည့် ထပ်တိုးအိမ်ထောင်စု (၃၃) စုမှ လူဦးရေ(၁၃၇)ဦးတို့အတွက် (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂၈၇,၇၀ဝ) ကျပ်အား (၉-၈-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဒူးရင်းဆိပ်ကျေးရွာ အ.ထ.က(ခွဲ) ဒူးရင်းဆိပ်၌ ​ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၈-၈-၂၀၂၁)ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်ဦးစီးဌာနများနှင့် ပူးပေါင်း၍ ခန္တီးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဇီးဖြူကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်နှင့် အောင်သာ၊ သာစည်၊ ဆင်သေကျေးရွာများ၌ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈–၈-၂၀၂၁)ရက်နေ့ (၀၈း၀၀)နာရီ အချိန်မှ (၁၃း၀၀)နာရီအချိန်ထိ မြို့နယ်(ထွေ/အုပ်)၊ ခရိုင်(ပြန်/ဆက်)၊ မြို့နယ်မီးသတ်ဦးစီးဌာနများနှင့် ပူးပေါင်း၍ တမူးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် စန္ဒကူးရပ်ကွက်၊ မြို့မရပ်ကွက်၊ စော်ဘွားကြီးရပ်ကွက်နှင့် ဈေးတန်းကြီးရပ်ကွက်များတွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက် ရန်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များအား လိုက်လံနှိူးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more