COVID-19 ကူးစက်ရောဂါနှင့် ရာသီကာလအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအား အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ တောင်သာမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၄-၈-၂၀၂၁) ရက်နေ့တွင် တောင်သာမြို့နယ်ရှိ  အမှတ်(၁)ဘုရာကြီးအနောက်၊ အမှတ်(၃)တန်းမြင့်ကျောင်း၊ အမှတ်(၄) ဈေးရပ်ကွက်၊ အမှတ်(၅)ဘူတာကုန်း၊ အမှတ်(၆)မင်းစု၊ အိုးဘိုကျေးရွာအုပ်စုတွင် အိုးဘို၊ မြေဖြူကုန်း၊ ထန်းတော၊ သပြေပင်၊ ချောင်းနား၊ တမန်ကြီး၊ နန်းမြင့်ကျေးရွာအုပ်စုတွင် နန်းမြင့်၊ ကံဆင့်ကျေးရွာအုပ်စုတွင် ကံဆင့်၊ ဘုရားလှကျေးရွာအုပ်စုတွင် ဘုရားလှ၊ ဆယ်ကုန်းကျေးရွာအုပ်စုတွင် ဆယ်ကုန်း၊ ပေါင်း ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)စုနှင့် ကျေးရွာ(၁၀)ရွာသို့ COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar

#mdy_aug2021

Sign Up

Upcoming Events