COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၈-၂၀၂၁) ရက်နေ့တွင် (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီ အဖွဲ့များ၊  ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလိုက်နာရမည့် စည်းကမ်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်  အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်း (Mask Camping)နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးစာစောင်များ(မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ လျှပ်စီးဘေး)ဖြန့်ဝေခြင်းတို့ကို ဆောက်ရွက်ခဲ့ပါ​ကြောင်းသတင်းရရှိပါသည်။

#ar

#sgg_aug2021

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events