COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၈-၂၀၂၁) ရက်နေ့တွင်  ​ပြန်ကြားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လားရှိုးမြို့နေပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာအသုံးပြုသောလမ်းများ၊ ရပ်ကွက်များသို့လှည့်လည်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသော အသိပညာပေးချက်များကို ​​မြန်မာဘာသာဖြင့်လည်းကောင်း၊ ကချင်ဘာသာဖြင့်လည်း​ကောင်း ဖတ်ကြား၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_aug2021

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events