မူး‌ချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ တွန်နိမ်ကျေးရွာတွင် (၈-၈-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော မူး‌ချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်တစ်လုံးမှ ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးအတွက် အဝတ်Mask(၁၂)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀၀/-)ကျပ်အား (၉-၈-၂၀၂၁) ရက် နေ့ (၁၄း၀၀) နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#sgg_aug2021

Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events