Latest News
-
ရေဘေးအန္တရာယ်နှင့် Covid 19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၁)ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု၊ ကျောက်စံကျေးရွာ၊ မယ်ဘေ့ကုန်းကျေးရွာ အုပ်စု၊ မယ်ဘေ့ကုန်းကျေးရွာ၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာနှင့် လက်ပံတောကျေးရွာများသို့ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့်ပတ်သက် ၍ ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများနှင့် Covid 19 အသိပညာပေးလုပ်ငန်းများ … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
=================================== (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်၊ (၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေ သည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်တွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၈-၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လားရှိုးမြို့နေပြည်သူများ COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာအသုံးပြုသောလမ်းများ၊ ရပ်ကွက်များသို့ လှည့်လည်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသော အသိပညာပေးစာများကို မြန်မာဘာသာဖြင့်လည်းကောင်း၊ “ဝ”ဘာသာဖြင့်လည်းကောင်း ဖတ်ကြားနှိုးဆော်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား လားရှိုးမြို့အဝင်၌ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ရာသီကာလအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သာမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၁) ရက်နေ့တွင် တောင်သာမြို့နယ်ရှိ အမှတ်(၁)ဘုရာကြီးအနောက်၊ အမှတ်(၃)တန်းမြင့်ကျောင်း၊ အမှတ်(၄) ဈေးရပ်ကွက်၊ အမှတ်(၅)ဘူတာကုန်း၊ အမှတ်(၆)မင်းစု၊ အိုးဘိုကျေးရွာအုပ်စုတွင် အိုးဘို၊ မြေဖြူကုန်း၊ ထန်းတော၊ သပြေပင်၊ ချောင်းနား၊ တမန်ကြီး၊ နန်းမြင့်ကျေးရွာအုပ်စုတွင် နန်းမြင့်၊ ကံဆင့်ကျေးရွာအုပ်စုတွင် ကံဆင့်၊ ဘုရားလှကျေးရွာအုပ်စုတွင် ဘုရားလှ၊ ဆယ်ကုန်းကျေးရွာအုပ်စုတွင် ဆယ်ကုန်း၊ ပေါင်း ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)စုနှင့် ကျေးရွာ(၁၀)ရွာသို့ COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ တောင်သာမြို့နယ် ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုနှင့် ကျေးရွာများသို့ (၁၃-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mdy_aug2021
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၈-၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လားရှိုးမြို့နေပြည်သူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသွားလာအသုံးပြုသောလမ်းများ၊ ရပ်ကွက်များသို့လှည့်လည်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသော အသိပညာပေးချက်များကို မြန်မာဘာသာဖြင့်လည်းကောင်း၊ ကချင်ဘာသာဖြင့်လည်းကောင်း ဖတ်ကြား၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)









