လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၁)ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ်၊ ကျောက်စံကျေးရွာအုပ်စု၊ ကျောက်စံကျေးရွာ၊ မယ်ဘေ့ကုန်းကျေးရွာ အုပ်စု၊ မယ်ဘေ့ကုန်းကျေးရွာ၊ ကြာကန် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာနှင့် လက်ပံတောကျေးရွာများသို့ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့်ပတ်သက် ၍ ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများနှင့် Covid 19 အသိပညာပေးလုပ်ငန်းများ အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_aug2021