Latest News
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၉-၂၀၂၁) ရက်နေ့၊ (၁၂:၀၀) နာရီချိန်မှ (၁၆:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ မူးကဝါကျေးရွာ၊ ကော့သံခါကျေးရွာ၊ ရွှေတော ကျေးရွာ၊ ခြံကလေးကျေးရွာ၊ ကော့ပလန်ကျေးရွာ၊ ကော့မူးတာအရှေ့ကျေးရွာ၊ ကော့မူးတာ အနောက်ကျေးရွာ၊ ကော့ဒိုက်ကျေးရွာ၊ ကော့ဒါန်းကျေးရွာ၊ ဖြတ်လှိုင်းကျေးရွာ၊ ကော့သလို့ ကျေးရွာ၊ဒုံသို့ကျေးရွာနှင့်ပိုင်ရန်းကျေးရွာများသို့သွားရောက်၍ လော်စပီကာဖြင့် ပြည်သူများအား COVID-19 အသိပညာပေးဆောင်ရွက်ခဲ့ပြီး Surgical Masks များဖြန့်ဝေခြင်းနှင့် ဗီနိုင်းများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2021 Source: … Read more
-
မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပြီးစီးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၂၁) ရက်နေ့တွင် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ လူမှုကယ်ဆယ်ရေးရုံးအနီး၌လည်းကောင်း၊ (၂၈-၉-၂၀၂၁)ရက်နေ့တွင် ဘားအံမြို့နယ်၊ လှာကမြင်အုပ်ချုပ်ရေးမှူးရုံးရှေ့၌လည်းကောင်း မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်(၉-ပေ x ၆-ပေ)အား စိုက်ထူ ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှု သတင်း
(၂၈-၉-၂၀၂၁)ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် နံနက်(၀၇:၀၀)အချိန်မှ (၁၀:၀၀)အချိန်အထိ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့အတွင်း COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုထံသို့ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇–၉–၂၀၂၁) ရက်နေ့၊ (၁၂:၀၀)အချိန်မှ (၁၆:၀၀)အချိန်ထိ ဘားအံမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၊ ထန်းတပင် ကျေးရွာ၊ ကော့ဒါန်းမယ်ကျေးရွာ၊ ကော့မန်းတလိန်ကျေးရွာ၊ ဝါးဆူးကျေးရွာ၊ ခလောက်နိုင်း ကျေးရွာ၊ ကော့ကရဲ့ထော်ကျေးရွာ၊ ဝင်းကျန်ကျေးရွာ၊ ကရင်ဖားလင်ကျေးရွာ၊ ဖားလင်(၁) ကျေးရွာ၊ ထုံးအိုင်စံပြကျေးရွာ၊ နောင်ထလုံးကျေးရွာ၊ တောကြီးကုန်းကျေးရွာ၊ သာယာကုန်း ကျေးရွာ၊ ကော့တရုတ်ရကျေးရွာ၊ ကော့သိုက်ကျေးရွာနှင့် ကော့ထမလိန်းကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ပညာပေးဗီနိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၇.၉.၂၀၂၁)ရက်နေ့၊ (၀၉:၃၀ )နာရီအချိန်မှ (၁၂:၃၀ )နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာစေရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep_2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
(၂၆-၉-၂၀၂၁) ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် နွားထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းနှင့် ဘူးကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ ပြည်သူများသို့လည်းကောင်း၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော သင်ပျို၊ ကျီးအိပ်၊ ဇရပ်ဖြူ၊ ၊ မြောင်းဦး၊ ကြောင်ပန်းကုန်း၊ ညောင်ဝန်း၊ ညောင်ရွှေ၊ ပွတ္တိုင်၊ သင်ပုတ် စသည့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၁)ရွာတို့မှ ပြည်သူများသို့လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









