မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပြီးစီးမှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၂၁) ရက်နေ့တွင် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ လူမှုကယ်ဆယ်ရေးရုံးအနီး၌လည်းကောင်း၊ (၂၈-၉-၂၀၂၁)ရက်နေ့တွင် ဘားအံမြို့နယ်၊ လှာကမြင်အုပ်ချုပ်ရေးမှူးရုံးရှေ့၌လည်းကောင်း  မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်(၉-ပေ x ၆-ပေ)အား စိုက်ထူ ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#kyn_sep2021

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events