Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးဆောင်ရွက်မှု သတင်း

(၂၈-၉-၂၀၂၁)ရက်နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် နံနက်(၀၇:၀၀)အချိန်မှ (၁၀:၀၀)အချိန်အထိ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့အတွင်း COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုထံသို့ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#bgo_sep2021

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events