
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇–၉–၂၀၂၁) ရက်နေ့၊ (၁၂:၀၀)အချိန်မှ (၁၆:၀၀)အချိန်ထိ ဘားအံမြို့နယ်၊ သီရိမင်္ဂလာကျေးရွာ၊ ထန်းတပင် ကျေးရွာ၊ ကော့ဒါန်းမယ်ကျေးရွာ၊ ကော့မန်းတလိန်ကျေးရွာ၊ ဝါးဆူးကျေးရွာ၊ ခလောက်နိုင်း ကျေးရွာ၊ ကော့ကရဲ့ထော်ကျေးရွာ၊ ဝင်းကျန်ကျေးရွာ၊ ကရင်ဖားလင်ကျေးရွာ၊ ဖားလင်(၁) ကျေးရွာ၊ ထုံးအိုင်စံပြကျေးရွာ၊ နောင်ထလုံးကျေးရွာ၊ တောကြီးကုန်းကျေးရွာ၊ သာယာကုန်း ကျေးရွာ၊ ကော့တရုတ်ရကျေးရွာ၊ ကော့သိုက်ကျေးရွာနှင့် ကော့ထမလိန်းကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ပညာပေးဗီနိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kyn_sep2021
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)