ကျိုက်မရောမြို့နယ်မှ နယ်မြေလုံခြုံရေးအရ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာဘုန်းကြီးကျောင်း နှင့် နေအိမ်များသို့ ရောက်ရှိလာသော တိုက်ပွဲရှောင် ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း - သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု(ပါဠိမဉ္ဇူ)သီလရှင်စာသင်တိုက် မီးဘေးအတွက် ထောက်ပံ့မှု သတင်း - ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်း(အထက်စု)ကျေးရွာ လေဘေးသင့်နေအိမ် အတွက် ထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း - သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း - ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း - အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းရှိ မြန်မာနိုင်ငံရေလုပ်သားများအတွက် ထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း - ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း - ခရမ်းမြို့နယ်၊ ထိန်ပင်ကွင်းကျေးရွာ၌ မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့

မြန်မာ ကိုဗစ်၁၉ ကူးစက်ရောဂါဆိုင်ရာ သတင်းအချက်အလက်များ

Latest News

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ (ပေါက်ချောင်း၊ ကျောင်းတော်ကလေး၊ တောကျောင်း အထက်နှင့် နံဂါတ်ရိုး)ကျေးရွာတို့၌ (၁၉-၁၁-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု (၁၅)စုမှ လူဦးရေ (၅၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၅၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂၃,၉၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၆၂၃,၉၀ဝ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ(၁၅)တောင့်တို့အား(၂၁-၁၁-၂၀၂၂) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင်လည်းကောင်း၊ … Read more

  • မြောင်းမြမြို့နယ်၊ ကျေးရွာ(၃)ရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းရသည့် နေအိမ်များမှ ပြည်သူများသို့ ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၂)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် ဘွတ်တန်းကျေးရွာအုပ်စု၊ ရေချမ်းစုကျေးရွာတို့၌ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ကြရသည့်နေအိမ်(၉)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်နှင့် အဆိုပါနေအိမ်များမှ ပြည်သူ (၄၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၂,၄၀၀/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၉၉၂,၄၀၀/-)ကျပ်အား (၂၁-၁၁-၂၀၂၂)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_rbe #ayy_nov, 2022 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့်မြို့နယ်၊ လိပ်ကမ္ဘာ​ကျေးရွာအုပ်စု၊ ၀ဲ​ချောင်း​ကျေးရွာတွင် (၁၅.၁၁.၂၀၂၂)ရက်​နေ့၌ ကမ်းပြို​ဘေးဖြစ်ပွားမှု​ကြောင့် ​မျောပါပျက်စီးသွားခဲ့​သော (ဓနိမိုး/ ကာ၊ ဝါးခင်း)​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ်(၁၀၀,၀၀ဝိ/-)၊ ​အိမ်​ထောင်စု(၁)စုမှ ​ဘေးသင့်လူဦး​ရေ(၂)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၄,၂၀ဝိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ် (၁၀၄,၂၀ဝိ/-)တိတိနှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ(၁) ပုံး(စက္ကူပုံးပါ)(၄၆,၀၃၆/-)တို့အား (၁၈-၁၁-၂၀၂၂) ရက်​​နေ့တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ​ရှေ့​မှောက်၌ ​ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #ha_rbe #aya_nov2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ အုတ်ဖိုတန်းလမ်းအတွက် မီးဘေးထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၂၂)ရက်နေ့ (၁၇:၀၀)နာရီအချိန်ခန့်၌ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ အုတ်ဖိုတန်းလမ်းတွင် မီးလောင်မှုကြောင့်  တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၃၀,၀၀၀/-)နှင့် လူဦးရေ(၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၈,၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၈,၄၀၀/-)အား (၁၆-၁၁-၂၀၂၂)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ fir #mon_nov2022 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် မံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Quick- Win Programme)အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၅-၁၁-၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၀၀)ခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးနှင့်ပတ်သက်၍ . သရုပ်ဖော်ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ ငလျင်ဘေးအသိပညာပေး နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်း တို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ချောင်းဆုံမြို့နယ်၊ အ.ထ.က(သက္ကော) စာသင်ကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာတို့နှင့် ပူးပေါင်းပြီး ဦးစီးဌာန(၁)ခုချင်းစီနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ သဘာဝဘေးန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင် ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဗီနိုင်းပိုစတာများပေးအပ်ခြင်း လုပ်ငန်းများအား (၁၅-၁၁-၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအချိန်အထိ ချောင်းဆုံမြို့နယ်၊ အ.ထ.က(သက္ကော) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၁၆၁)ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)