ကိုဗစ်-၁၉ ဗီနိုင်းပိုစတာအစား မီးဘေးဗီနိုင်းပိုစတာလဲလှယ်တပ်ဆင်မှုသတင်း - တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင် - ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်မှုသတင်း - ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ အနောက်လမ်းမတော်လမ်း၊ မြတ်မေတ္တာမွန် ဆီဆိုင် မီးဘေးအတွက် ထောက်ပံ့မှုသတင်း - ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကုန်းပြင်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း - ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာအုပ်စု၊ ပျဉ်ချဆိပ်ကျေးရွာအတွက် မီးဘေးထောက်ပံ့မှုသတင်း - မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်း (DRYV) (၁/၂၀၂၃) ဖွင့်လှစ်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ဆွေးနွေးပို့ချမှုသတင်း - မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း - မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊‌ လိပ္ပုတ်‌ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးစက်ရုံ မီးလောင်မှုူကြောင့် ဒဏ်ရာရလူနာများ အတွက် ထောက်ပံ့မှုသတင်း

Myanmar Disaster Alert Application အသုံးပြုနည်းလမ်းညွှန်ကြည့်ရှုရန်

Latest News

  • မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်း (DRYV) (၁/၂၀၂၃) ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် (၁၇-၁-၂၀၂၃)ရက် နေ့မှ(၁၉-၁-၂၀၂၃)ရက်နေ့အထိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်း (DRYV)အမှတ်စဉ်(၁/၂၀၂၃)အား မအူပင်မြို့နယ်မှသင်တန်းသား/သူ(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #aya_jan2023 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ဆွေးနွေးပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၃) ရက် နေ့ (၁၂:၁၀) အချိန်မှ (၁၃:၄၀)နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၃)မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၀၀)ဦးတို့အား “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_jan2023

  • မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲ မြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက်(၂)လမ်း၌ (၁၈-၁-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု ကြောင့် မီးလောင်ကျွမ်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၂,၁၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၂၀၂,၁၀ဝ/-)ကျပ်တို့အား (၁၉-၁-၂၀၂၃)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_jan2023

  • မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊‌ လိပ္ပုတ်‌ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးစက်ရုံ မီးလောင်မှုူကြောင့် ဒဏ်ရာရလူနာများ အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြည်သူ့ဆေးရုံကြီးများမှ တာဝန်ရှိ သူများသည် မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊‌ လိပ္ပုတ်‌ ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးရှိ Grand Royal အရက်ချက်စက်ရုံ၌ (၁၃.၁.၂၀၂၃)ရက်နေ့ (၁၅:၃၀)အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးငြှိမ်းသတ်စဥ် ဒဏ်ရာရရှိ၍ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်သူ (၁၇) ဦးအား (၁၄:၃၀) နာရီအချိန်တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်သူ (၂)ဦးအား (၁၅:၄၀)နာရီအချိန်၊ (၁၄-၁-၂၀၂၃)ရက်နေ့တွင် ဒဏ်ရာရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jan_2023 … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်း၌ မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၁၃-၁-၂၀၂၃) ရက်နေ့ (၀၉:၀၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်း၌  ဇာတ်တိုပ်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်တစ်ခုအတွက် ပြင်ဆင်ထားမှုအခြေအနေအား လေ့လာ ခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန်၊ ဘေးအန္တရာယ်ကြုံတွေ့ပါက ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်၊ Inclusiveness (ထိခိုက်လွယ်အုပ်စု)များကို ဇာတ်တိုက်လေ့ကျင့် ခြင်းမှာ ထည့်သွင်းလာစေရန် ရည်ရွယ်၍ မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ကမာရွတ်ခရိုင်/မြို့နယ် … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း တွင် အမိုးနီးယားဓါတ်ငွေ့အနံ့ဆိုးများယိုစိမ့်ထွက်ပေါ်မှုကြောင့် ကျန်းမာရေးထိခိုက်ခံစားရသူများ အား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် (၁၂-၁-၂၀၂၃) ရက်နေ့ (၂၀:၅၀)နာရီမှ(၂၃:၀၅)အချိန်ထိ အမှတ်(၁၉)ရှိ ရတနာစုကုမ္ပဏီအတွင်း ရေသန့်ရေခဲတုံး ပြုလုပ်ရန်အတွက် အသုံးပြုသောအမိုးနီးယားဓါတ်ငွေ့အိုး၏ အဖွင့်/အပိတ်ဘားမှတစ်ဆင့် အမိုးနီ းယားဓါတ်ငွေ့အနံ့ဆိုးများ ယိုစိမ့်ထွက်ပေါ်မှု‌ေကြာင့် ကျန်းမာရေးထိခိုက်ခံစားရသူ ကျား(၅)ဦးနှင့် မ(၇)ဦး၊ စုစုပေါင်း(၁၂)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ မ(၁)ဦး အားမြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ ကျား(၇)ဦး၊မ(၉)ဦးစုစုပေါင်း (၁၆)ဦးအား အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် လည်ကောင်း၊ စုစုပေါင်းဆေးရုံတက်ရောက်သူ (၂၉)ဦး … Read more