လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သုံးခွမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၆) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၅) နာရီအချိန်အထိ သုံးခွမြို့နယ်ရှိ လူစည်ကားရာနေရာဖြစ်သည့် လေးလမ်းဆုံ၌ အများပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေး အသိပညာပေးဆောင်ရန်၊ ရှောင်ရန်အချက်များအား လှည့်လည်နှိုးဆော်အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။