လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၈-၉-၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၂:၀၀) နာရီအထိ မြောင်းမြ မြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ အကြီးအကဲနှင့်တကွ ဌာန ဆိုင်ရာဝန်ထမ်းများ (၁၂၀) ဦးတို့အား ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှု များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီး အန္တရာယ်အကြောင်းနှင့် ပလတ်စတစ် ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ယခု လတ်တလောဖြစ်ပွားလျက်ရှိသော ရေဘေး၊ မိုးကြိုးဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ဝင်းမော်မှ ဦးဆောင် ၍ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_sep_2026
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)