Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မေတ္တာမွန်လူမှုကူညီရေးအသင်းနှင့်ပူးပေါင်းပြီး (၁-၄-၂၀၂၀)ရက်နေ့ (၁၈:၀၀)အချိန်၌ မိုးညှင်းမြို့၊ နားခါရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်တို့တွင် လှည့်လည်ပြီး COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား အသိပညာပေးဆော်သြခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်၊ (၀၉:၀၀) နာရီတွင် စစ်တွေမြို့၊ အုန်းတောကြီးတောင်နှင့် အုန်းတောကြီး မြောက် IDP စခန်းများ၌ စခန်းနေပြည်သူများအတွက် Covid-19 ကူးဆက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား စခန်းကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 အသိပညာပေးခြင်းကို (၁-၄-၂၀၂၀) ရက်နေ့ (၁၅:၃၀) မှ (၁၉:၃၀) ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ ဆင်သေကျေးရွာ၊ ကင်းတော်ကျေးရွာ၊ လက်ဖက်ခင်းကျေးရွာနှင့် ကချင်စုကျေးရွာများတွင် COVID-19 အသိပညာပေးခြင်းကို လှည့်လည်ဟောပြောခဲ့ ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ ၊ မြို့မနှစ်ခြင်း၊ မဒိန်နှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ လော်ဝေါ်နှစ်ခြင်း၊ လီဆူနှစ်ခြင်း၊ မူရင်းနှစ်ခြင်း IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၃၁၂)စုအတွက် ဆပ်ပြာတောင့်(၃၁၂) တောင့်အားပေးဝေခဲ့ခြင်းနှင့် အမှတ်(၃)ရပ်ကွက်တို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
COVID-19 ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရေး ပြည်သူများသို့ အသိပညာပေးလှည့်လည် ဟောပြောမှုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာ ရပ်မိ/ဖ များနှင့် ပူပေါင်းပြီး (၁-၄-၂၀၂၀) ရက်နေ့တွင် ပန်းသာကျေးရွာ၊ ဝါးရုံသာကျေးရွာ၊ သရက်ကုန်း၊ အောင်ချမ်းသာကျေးရွာ၊ ကုန်းဝါးရုံသာကျေးရွာစသည့် ကျေးရွာများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရေး ပြည်သူများအလွယ်တကူသိစေနိုင်ရေး အသိပညာပေးလှည့်လည် ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက် များအား ပြည်သူသို့ အသိပညာပေးပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီမှ(၁၃:၀၀)နာရီအထိ မိုးမိတ်မြို့နယ်၊ အုံးကြော ကျေးရွာ(ရွာဟောင်းနှင့် ရွာသစ်)၊ ရွှေဇာလီကျေးရွာ၊ ညောင်နီကျေးရွာ၊ ကင့်နွယ်ကျေးရွာနှင့် တောင်ပိုင်းရပ်ကွက်တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှု များမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ အသိပညာပေး ပန်ကြားခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









