လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 အသိပညာပေးခြင်းကို (၁-၄-၂၀၂၀) ရက်နေ့ (၁၅:၃၀) မှ (၁၉:၃၀) ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ ဆင်သေကျေးရွာ၊ ကင်းတော်ကျေးရွာ၊ လက်ဖက်ခင်းကျေးရွာနှင့် ကချင်စုကျေးရွာများတွင် COVID-19 အသိပညာပေးခြင်းကို လှည့်လည်ဟောပြောခဲ့ ကြောင်း သိရှိရပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)