လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီမှ(၁၃:၀၀)နာရီအထိ မိုးမိတ်မြို့နယ်၊ အုံးကြော ကျေးရွာ(ရွာဟောင်းနှင့် ရွာသစ်)၊ ရွှေဇာလီကျေးရွာ၊ ညောင်နီကျေးရွာ၊ ကင့်နွယ်ကျေးရွာနှင့် တောင်ပိုင်းရပ်ကွက်တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှု များမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ အသိပညာပေး ပန်ကြားခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)