လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မေတ္တာမွန်လူမှုကူညီရေးအသင်းနှင့်ပူးပေါင်းပြီး (၁-၄-၂၀၂၀)ရက်နေ့ (၁၈:၀၀)အချိန်၌ မိုးညှင်းမြို့၊ နားခါရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်တို့တွင် လှည့်လည်ပြီး COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား အသိပညာပေးဆော်သြခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_apr2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)