Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်မှ (၁၁:၃၀) အချိန်အထိ ပေါက်မြို့နယ် သံပုရာအုပ်စု ယာကြီးပြင် ကျေးရွာ၊ ဆင်ဆိတ်ကုန်း ကျေးရွာ များတွင်လှည့်လည်၍ covid19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020
-
Covid – 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့ (၁၀ : ၀၀) အချိန်မှ (၁၃ : ၀၀) အချိန်ထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက် များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်အုပ်စု၊ ဖက်ညာဏ် ကျေးရွာ၊ လျော်ဖြူကျေးရွာ၊ သစ်ပုတ်ပင်ကျေးရွာ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်နှင့် အမှတ် (၆) … Read more
-
Covid – 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃- ၄- ၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ တောမွန်ကျေးရွာ၊ တောမြင်ဘာကျေးရွာ၊ တောမြင်ဘာကျေးရွာနှင့် တောင်ဘော၊ မြောက်ဘောကျေးရွာတို့တွင် မြတ်ပါရမီပရဟိတအသင်းနှင့် ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့နယ်အတွင်းရှိ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ပလ္လင်ကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ တောင်မတောကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ အောက်စိန်တောကျေးရွာနှင့် သဲသာကျေးရွာ စုစုပေါင်း ကျေးရွာ (၈) ရွာနေ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမပြန့်ပွားစေရေးအတွက် ဆောင်ရန် ရှောင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၂:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက် များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်၊ ဂုဏ်မင်းကွင်းကျေးရွာ၊ ဇလုပ်ကြီးကျေးရွာ၊ လှည်းပြင်ကွဲကျေးရွာ၊ ကျောက်စရစ်ကုန်းကျေးရွာ၊ ညောင်လူးကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး၊ ဉတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #npw_apr2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ ဆားကျင်းရွာမကျေးရွာ၊ ဆားကျင်းတောင်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြစ်လှည့်လည်၍ အသိပေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)









