လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့နယ်အတွင်းရှိ ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ပလ္လင်ကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ တောင်မတောကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ အောက်စိန်တောကျေးရွာနှင့် သဲသာကျေးရွာ စုစုပေါင်း ကျေးရွာ (၈) ရွာနေ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမပြန့်ပွားစေရေးအတွက် ဆောင်ရန် ရှောင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_apr2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)