လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်မှ (၁၁:၃၀) အချိန်အထိ ပေါက်မြို့နယ် သံပုရာအုပ်စု ယာကြီးပြင် ကျေးရွာ၊ ဆင်ဆိတ်ကုန်း ကျေးရွာ များတွင်လှည့်လည်၍ covid19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_apr2020