လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ ဆားကျင်းရွာမကျေးရွာ၊ ဆားကျင်းတောင်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြစ်လှည့်လည်၍ အသိပေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr 2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)