Latest News
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်/ ဆောင်ရန်များအား အသိပေးပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်ထိ လပွတ္တာမြို့နယ် ၊ ကျောက်တန်းကြီးကျေးရွာအုပ်စု၊ ကျောက်တန်းကြီးကျေးရွာ၊ ကျောက်တန်းလေးကျေးရွာ၊ နေရာပြန်ချီကျေးရွာ၊ လေးဆိပ်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင် ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၄-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီ အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ ရှမ်းရွာပိုင်း အလယ်ရွာ မြောက်ပိုင်း၊ အလယ်ရွာတောင်ပိုင်း၊ ပန်းတိမ်ရွာ၊ ရွာကြီးပိုင်းတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_apr2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား အသိပညာပေးဟောပြောမှုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၄- ၄-၂၀၂၀)ရက်နေ့ နံနက်(၀၈:၀၀) အချိန်မှ (၀၉:၀၀)အချိန်အထိ ကျောက်ဖြူမြို့နယ်၊ အရာရှိရပ်ကွက်တွင် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #rke_apr2020 Source: ကျောက်ဖြူခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီး ဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်နှင့် ကန်သာယာရပ်ကွက်တို့တွင် COVID -19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာပေးကြေငြာခြင်းများဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #mon_apr2020 Source: ဘီးလင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ လက်ကမ်းစာစောင် ဝေငှခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ဆောင်ရွက်မှုသတင်း
(၄-၄-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ တောရကျောင်းဈေး၊ ကုန်စိမ်းဈေး၊တပ်ပြင်ဈေးနှင့် ပျံကျဈေးတို့တွင် COVID- 19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ လက်ကမ်းစာစောင် ဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာ ကပ်ခြင်းတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဉီးစီးဌာနတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_apr2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုနှင့် သဘာဝဘေး (မီး၊ လေ) အန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့၊ (၀၆:၃၀) နာရီမှ (၀၈:၃၀) နာရီအထိ မိုးမိတ်မြို့၊ မြို့မဈေး၊ မြောက်ပိုင်းရပ်ကွက်နှင့် လက်ခုတ်တန်းရပ်ကွက်တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် COVID-19 အပြင် ပူပြင်းတဲ့ရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်ကိုလည်း သတိထားဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီး မီးဘေးနှင့် လေပြင်းဘေး လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









