COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုနှင့် သဘာဝဘေး (မီး၊ လေ) အန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့၊ (၀၆:၃၀) နာရီမှ (၀၈:၃၀) နာရီအထိ မိုးမိတ်မြို့၊ မြို့မ‌ဈေး၊ မြောက်ပိုင်းရပ်ကွက်နှင့် လက်ခုတ်တန်းရပ်ကွက်တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ အသိပညာ‌ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် COVID-19 အပြင် ပူပြင်းတဲ့ရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်ကိုလည်း သတိထားဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပြီး မီးဘေးနှင့် လေပြင်းဘေး လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိုးမိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_apr2020

Sign Up

Upcoming Events