COVID-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်/ ဆောင်ရန်များအား အသိပေးပြောကြားမှုသတင်း



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်ထိ လပွတ္တာမြို့နယ် ၊ ကျောက်တန်းကြီးကျေးရွာအုပ်စု၊‌ ကျောက်တန်းကြီးကျေးရွာ၊‌ ကျောက်တန်းလေးကျေးရွာ၊‌ နေရာပြန်ချီ‌ကျေးရွာ၊ လေးဆိပ်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိ‌ပေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_apr2020

Sign Up

Upcoming Events