လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၄- ၄-၂၀၂၀)ရက်နေ့ နံနက်(၀၈:၀၀) အချိန်မှ (၀၉:၀၀)အချိန်အထိ ကျောက်ဖြူမြို့နယ်၊ အရာရှိရပ်ကွက်တွင် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်ဖြူခရိုင်ဉီးစီးမှူးရုံး (ဘစမ)