Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၄-၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု (အင်တိုင်းကျေးရွာ၊ ကျွဲတဲကျေးရွာ)၊ ကျောက်အိုင်ကျေးရွာအုပ်စု(ကျောက်အိုင်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ)၊ ညောင်ကိုင်းကျေးရွာအုပ်စု (ညောင်ကိုင်းကျေးရွာ၊ ကနီကျေးရွာ၊ ပေါယောကျေးရွာ၊ မြင်သာကျေးရွာ၊ စစ်တောကျေးရွာ၊ သရက်တစ်ထောင်ကျေးရွာ)များ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာ ပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့ နံနက် (၀၈၃၀) အချိန်မှ (၁၁၃၀) အချိန်အထိ ပေါက်မြို့နယ်၊ သပွတ်စုအုပ်စု၊ ဒေါင်းသာကျေးရွာ၊ တောင်ချိုကျေးရွာများတွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းအင်ဂျန်ဒုံ၊ တပ်ကုန်းစံပြနှစ်ခြင်း IDPs စခန်းများရှိအိမ်ထောင်စု စုစုပေါင်း(၁၄၅) စုအတွက် ဆပ်ပြာခဲ(၁၄၅) ခဲကိုပေးဝေခဲ့ပြီး၊ တပ်ကုန်းရပ်ကွက်၊ ရွှေစက်ရပ်ရွက်၊ မန်ခိန်ရပ်ကွက်၊ ငွေပျော်စံပြကျေးရွာ၊ ပလန-၁/၂/၃/၄ ကျေးရွာတို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံ ချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ အား … Read more
-
ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ အုံမြားကြီးကျေးရွာသို့ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးပက်ဖြန်းခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀)ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (COVID-19) ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများ ဖြန်းခြင်းကို ညနေ (၁၈:၀၀) ချိန်မှစတင်၍ ကော့ကရိတ်မြို့တွင်းရှိ ပလပ်ဖောင်းများ၊ လူနေထူထပ်သည့် နေရာများ၊ ကတ္တရာလမ်းများနှင့် ကွန်ကရစ်လမ်းများကို အဖွဲ့(၅)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ကော့ကရိတ်ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များနှင့်ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_apr2020
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထောက်ပံ့ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာပေါင်းမြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သိန်း(၁၂၀)နှင့် PPEဝတ်စုံ(၅၅) စုံ၊ Mask(၁၀၀)ခုအား မြို့နယ်ကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မြို့နယ်တစ်မြို့နယ်လျှင် အိမ်ခြေ(၁၀၀)လုံးအား လေဘေးဒဏ်ခံနိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေးအပ်ထားရှိမှုနှင့် ဆောင်ရွက်နေမှုအား ဆောင်ဘုံကျေးရွာအုပ်စု၊ သုံးအိမ်စုကျေးရွာနှင့် ခေနန်ကျေးရွာအုပ်စုမှ ခေနန်၊ … Read more









