
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀)ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (COVID-19) ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများ ဖြန်းခြင်းကို ညနေ (၁၈:၀၀) ချိန်မှစတင်၍ ကော့ကရိတ်မြို့တွင်းရှိ ပလပ်ဖောင်းများ၊ လူနေထူထပ်သည့် နေရာများ၊ ကတ္တရာလမ်းများနှင့် ကွန်ကရစ်လမ်းများကို အဖွဲ့(၅)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ကော့ကရိတ်ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များနှင့်ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_apr2020