လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာပေါင်းမြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သိန်း(၁၂၀)နှင့် PPEဝတ်စုံ(၅၅) စုံ၊ Mask(၁၀၀)ခုအား မြို့နယ်ကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မြို့နယ်တစ်မြို့နယ်လျှင် အိမ်ခြေ(၁၀၀)လုံးအား လေဘေးဒဏ်ခံနိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေးအပ်ထားရှိမှုနှင့် ဆောင်ရွက်နေမှုအား ဆောင်ဘုံကျေးရွာအုပ်စု၊ သုံးအိမ်စုကျေးရွာနှင့် ခေနန်ကျေးရွာအုပ်စုမှ ခေနန်၊ အောက်စုကျေးရွာများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် လှေကြီးတပ်စက္ကူစက်ရုံပိုင်(၂၅)ကုတင်ဆံဆေးရုံတို့သို့ ဝင်ရောက်ကာ Covid-19ရောဂါကူးစပ်ပြန့်ပွားမှုဖြစ်ပွားလာပါက Quarantine လူနာများ အဆင်သင့်ထားရှိနိုင်ရေးကြိုတင်ပြင်ဆင်ထားရှိမှုများအား မြို့နယ်တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။