(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းအင်ဂျန်ဒုံ၊ တပ်ကုန်းစံပြနှစ်ခြင်း IDPs စခန်းများရှိအိမ်ထောင်စု စုစုပေါင်း(၁၄၅) စုအတွက် ဆပ်ပြာခဲ(၁၄၅) ခဲကိုပေးဝေခဲ့ပြီး၊ တပ်ကုန်းရပ်ကွက်၊ ရွှေစက်ရပ်ရွက်၊ မန်ခိန်ရပ်ကွက်၊ ငွေပျော်စံပြကျေးရွာ၊ ပလန-၁/၂/၃/၄ ကျေးရွာတို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံ ချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ အား ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar

#kcn_mar2020

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events