Latest News
-
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ကျေးရွာနှင့် ရွှေယင်စီးကျေးရွာများ၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို လက်ကမ်းစာစောင် (ကိုးကန့်ဘာသာ) များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြတ်ပါရမီပရဟိတအသင်းတို့ ပူးပေါင်း၍ (၉-၄-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ သဲဖြူကျေးရွာ၊ စက်တောင်ကျေးရွာ၊ ရေတွင်းကြီး ကျေးရွာ၊ ဝက်သားစားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မြင်းပေါက်ကျေးရွာအုပ်စု၊ မြင်းပေါက်ကျေးရွာ၊ ဝက်ဖိုးကျေးရွာနှင့် တောင်ကုန်းကျေးရွာတို့တွင် အသံချဲ့စက်၊ လော်စပီကာများအသုံးပြု၍ Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုင်းပျဉ်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့၊ အလယ်ပိုင်းရပ်ကွက်နှင့် လွန်ကြိုင်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့် ပူးပေါင်း၍ ဗမာဘာသာနှင့် ရှမ်းဘာသာတို့ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) အချိန်မှ (၁၃:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက် ပြန့်နှံ့ မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာ ပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေကျေးရွာ၊ စက်ရုံကျေးရွာ၊ စျေးကုန်း ကျေးရွာ၊ ကွက်သစ်ကျေးရွာနှင့် ကျွန်းဦးကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသောဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေးရွာအုပ်စု၊ ဖိုးဒေဝကျေးရွာတွင် မီးဘေးသင့်အိမ် ထောင်စု(၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် ပလပ်စတစ်ပုံးအပါကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး ပါပုံး(၁)ပုံး၊ မီးဘေးသင့်အိမ်ထောင်စု(၁) စုအတွက် အိမ်ဆောက်တန်ဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၂၀၆၃၀၀/-)ကျပ်တို့ကို (၉-၄-၂၀၂၀)ရက်နေ့ နေလည်(၁၄:၀၀)နာရီအချိန်တွင် အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_apr2020 Source: … Read more









