လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသောဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေးရွာအုပ်စု၊ ဖိုးဒေဝကျေးရွာတွင် မီးဘေးသင့်အိမ် ထောင်စု(၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် ပလပ်စတစ်ပုံးအပါကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး ပါပုံး(၁)ပုံး၊ မီးဘေးသင့်အိမ်ထောင်စု(၁) စုအတွက် အိမ်ဆောက်တန်ဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ(၂၀၆၃၀၀/-)ကျပ်တို့ကို (၉-၄-၂၀၂၀)ရက်နေ့ နေလည်(၁၄:၀၀)နာရီအချိန်တွင် အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_apr2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)