လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့၊ အလယ်ပိုင်းရပ်ကွက်နှင့် လွန်ကြိုင်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့် ပူးပေါင်း၍ ဗမာဘာသာနှင့် ရှမ်းဘာသာတို့ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)